အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက် ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 28,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD)များကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ အား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေး ခြင်းကို သုံးခွမြို့နယ် ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်း မှ စတင်၍ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Jan 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့ညနေ ၅နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပထမအကြိမ်စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Jan 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD ) ကို ယနေ့နံနက် (၈)နာရီခွဲက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများကို မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်‌နေ့ နေ့လယ်(၁)နာရီ အချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုး နှံပေးခဲ့ရာ ကုသရေးဝန်ထမ်း (၅၄)ဦးနှင့် ပြည်သူ့ကျန်းမာ ရေးဝန်ထမ်း (၁၅)ဦး စုစုပေါင်း (၆၉)ဦးကို စတင်ထိုးနှံပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်တွင် ကျန်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Jan 28,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ ထိုးနှံခဲ့ကြောင်း သိရသည်။