အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ယနေ့ နံနက် ၉နာရီမှစတင်၍ ဆိပ်ဖြူမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ကုသရေး၊ ကျန်းမာရေး ဝန်ထမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ (၂၈)ရက် နံနက် (၉)နာရီအချိန်က စဝ်စံထွန်းဆေးရုံ (၅)ထပ်ဆောင်၌ Covid-19 ရောဂါ ကာကွယ် ဆေးများစတင်ထိုးလျက်ရှိသည်။
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ် ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေး အ တွက် မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ် ရေး အဖွဲ့ဝင်(၅)ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် (၃)ရပ် ကွက်တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 28,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေးကြီးမီး မီးဘေးကြိုတင် ကာကွယ်ရေး၊ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့ နံနက် ၁၀နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဈေးသူဈေးသားများနှင့် ဈေးမိဈေးဖများ လက်တွေ့မီးငြိမ်းသတ် နည်း လေ့ကျင့်ဇာတ်တိုက်ပြုလုပ်ခဲ့ကြောအင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောက် (လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရသည်။
Jan 28,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ် ဆေးကို ယနေ့နံနက်(၉)နာရီကစတင်ပြီး မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စတင် ထိုးနှံပေးလျက်ရှိပါသည်။
Jan 28,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက်ငွေ လုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂.၂၅၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ ဘုရင့်နောင်လမ်း​ဘေး အမှတ်-၂၊ ၃၊ ၄ရပ်ကွက်ရှိ လမ်းဘေးရေမြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိရာ ရေမြောင်း​ပေအရှည် (၄၀၀၀)ပေ၊ အကျယ်(၃)ပေ၊ (၃)လက်မထုရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီး ဘေးဝဲယာမှ ရေနုတ်မြောင်းများမှ အမှိုက်များ ဆယ်ယူခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနက လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။