အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဧရာဝတီ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ကျန်းမာရေးဝန်ထမ်း(၉၃)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။
Jan 28,2021
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်ပြည်သူ့ ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်း အဝေးခန်းမနေရာတို့တွင် အဖွဲ့ (၂)ဖွဲ့ခွဲ၍ ထိုးနှံပေး ခဲ့သည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံ ပေးကြောင်း သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း၊ တိုင်းရင်း​ဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း ၁၆၈ ဦးတို့အား မြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့​ကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ ဇီဝိတဒါနသံဃာ့ဆောင်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။