အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့ ​နေ့လယ်(၂)နာရီခွဲအချိန်ခန့်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်−၁၉ ကာကွယ်ဆေးများ ယမန်နေ့ ညနေ (၇)နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်ဝင် ငွေမရှိသော အခြေခံလူတန်းစားများအာ နောက်တိုးထောက်ပံ့နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ စုရပ်တွင် မြို့နယ်အတွင်းရှိ ကုသရေးဝန်ထမ်း ၁၈၄ ဦး၊ ပြည်သူ့ကျန်းမာဝန်ထမ်း ၁၅ဦး၊ တိုင်းရင်းဆေးဝန်ထမ်း ၁၃ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်း ၇ ဦးတို့ကို ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီက စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံနိုင်ရေးအတွက် ဘိုကလေးမြို့နယ် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဆေးအလုံးရေ(၃၈)လုံးအား မြို့နယ်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများကို ယနေ့နံနက်(၁၀)နာရီ၌ စတင် ထိုးနှံပေးလျက်ရှိသည်။