Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့နယ်တွင် ကော်ဖီအသီးများ အထွက်နှုန်းကောင်း
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံပြည်သူများသည် အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကလုပ် ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီသီးများ အထွက်နှုန်းကောင်းလျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံကသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချ
Jan 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနမှ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အသေးစား/အလတ်စား လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပို့ချခြင်းကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီးပေးချိန်ပြောင်းလဲသတ်မှတ်မည်
Jan 27,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ညမီးပေးချိန်များအား ပြင်ဆင်၍ မီးပေးမည်ဖြစ်ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျုံတုံးကြီးကျေးရွာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို မြို့နယ်ရွေးချယ်မှု ကြီးကြပ်ရေး ကော်မတီမှ ယနေ့ နံနက် ၁၀ နာရီက သွားရောက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကျန်းမာရေးဝန်ထမ်း(၁၈၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ
Jan 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်(၃)လစာအတွက် ထောက်ပံ့ငွေပေးအပ်
Jan 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၉)ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီအား ယနေ့နံနက်(၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ မျိုးစေ့ ၊မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များအား တာဝန်ရှိသူများစစ်ဆေး
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့ပေါ်ရှိ မျိုးစေ့ ၊မြေဩဇာ ၊ ပိုးသတ်ဆေး အရောင်းဆိုင်များအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်မှ စ၍ ဇမ္ဗူသီရိမြို့နယ် ခုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25349
Page
25350
Page
25351
Page
25352
Current page
25353
Page
25354
Page
25355
Page
25356
Page
25357
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department