Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဖြူးမြို့မှ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေလှူဒါန်း
Jan 25,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးရှင်းလင်း
Jan 25,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးရှင်းလင်းခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင်ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ဖွဲ့စည်းခြင်းများအားကွင်းဆင်းဆောင်ရွက်
Jan 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးအသစ်များ ခန့်ထားရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ် ဖွဲ့စည်းခြင်းကို ဇန်နဝါရီ တတိယပတ်မှ စတင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် မီးလောင်ပြင်သို့အသွား ယာဉ်တိုက်မှုဖြင့် သေဆုံးသွားသော အရန်မီးသတ် တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမိသားစုအား ကူညီထောက်ပံ့ငွေကျပ် (၈)သိန်း…
Jan 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘဝန်းအတွင်း၌ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်လွဲ ၂ နာရီ ၄၀ မိနစ်က မြက်ခြောက်မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်စဉ် ယာဉ်တိုက် မှုဖြင့် မင်္ဂလာဒုံမြို့နယ် အရန်မီး သတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး (ရဲထွန်းဦး) သေဆုံးသွား၍ ကျန်ရစ်သူ မိသားစုအား တိုင်းဒေသကြီး အရန်မီးသတ် တပ်ဖွဲ့များ၏ သာရေး ၊ နာရေး လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒုတပ်ရင်းမှူး ဦးမြင့်ထူး ဦးဆောင်မှုဖြင့် မြို့နယ်တပ်ဖွဲ့များမှ စုပေါင်းကူညီထောက်ပံ့ငွေကျပ်(၆)သိန်း၊ (ကတိသစ္စာ သတ္တိချန်နယ်) မိသားစုတို့က ကူညီထောက်ပံ့ငွေကျပ်(၂)သိန်း တို့ကို သေဆုံး သူ၏ မိသားစုနေထိုင်ရာ စမ်းကြီးဝရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့က ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး ကွင်းဆင်းအသိပညာပေး
Jan 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ များအား ထပ်ဆင့်အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ပေါင်လင်း ကျေးရွာအုပ်စု၊ ဟဲလုံ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာတွင် ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေအတွက် သိန်း ၅၀၀ ပေးအပ်လှူဒါန်း
Jan 25,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ဝင်ထျန်းရိအုပ်စုကုမ္ပဏီနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေအတွက် သိန်းငါးရာ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့၊ နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ ကမ်းနားလမ်းသန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်
Jan 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ကမ်းနားလမ်း၊ ပန်းခြံနှင့် ချင်းတွင်းမြစ်ဘေး တာရိုး တစ်လျှောက် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်ထားရှိခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက်က တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းနှင့် ခန္တီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိသားစုများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်၊ အမှုဆောင်အရာရှိ ဒေါ်ခင်မျိုးမျိုးအောင်၊ သန့်ရှင်းရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25385
Page
25386
Page
25387
Page
25388
Current page
25389
Page
25390
Page
25391
Page
25392
Page
25393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department