အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအား ရယူ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော်စီမံကြီးကြပ်ရေး ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
Jan 26,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းက ဝမ်းတွင်း အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ဆောင်ရွက်ခဲ့သည်။
Jan 26,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
Jan 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Jan 26,2021
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့် အညီ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြည်သူများသိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲ ကို ယမန်နေ့ ည(၇)နာရီက အမှတ်(၁၅)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 26,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိလာပါ က ဒေသခံပြည်သူများအား ကာကွယ်ဆေးအသင့်ထိုးနှံနိုင်စေရေးအတွက် လူဦးရေစာရင်းကောက်ယူခြင်း ကို ဇန်နဝါရီလ ၂၅ ရက် နေ့မှ စတင်ကာ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများတွင် ကောက်ယူလျက်ရှိ ကြောင်းသိရသည်။