Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်္ဂလာဒုံမြို့နယ် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်းများအား အလှူငွေကျပ် (၁၈)သိန်းလှူဒါန်း
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါန အကျိုးဆောင် အသင်းမှ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်း (၆)သင်းတို့ကို အလှူငွေကျပ် စုစုပေါင်း(၁၈)သိန်း ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့က အဆိုပါ သပြေညိုပညာဒါန အကျိုးဆောင်အသင်း အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းလမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ တာဟန်းရပ်ကွက်တွင် ဆိုလာပြားတပ်ဆင်ထားသည့် ဘတ္ထရီအိုးအပူလွန်ကဲရာမှ မီးလောင် မှုဖြစ်ပွား
Jan 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင် ယမန်နေ့ ၁၂ နာရီ ၄၅ မိနစ်အချိန်က ဆိုလာပြားတပ်ဆင်ထားသည့် ဘတ္ထရီအိုးအပူလွန်ကဲရာမှ ပေါက်ကွဲပြီး ကြမ်းပြင်သို့ မီးကူးစက်ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် မြန်အောင် မကျီးစုတာ၊ လွန်ဆေးမြိုင်ပန်းခြံနှင့် ရွှေကျင်ဘုရားလှကျေးရွာ မ…
Jan 22,2021
၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ၊ မြန်အောင်တာမိုင် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီးနှင့် မြန်အောင်မြို့နယ် ရွှေကျင်ဘုရားလှကျေး ရွာတို့တွင် မြစ်ကမ်းထိန်းလုပ်ငန်းများကို ဇန်နဝါရီလမှစ၍ ဆောင်ရွက်သွားမည့် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အဖြစ် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက် (၁) အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့၏ EPD စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်း…
Jan 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြေခြား(မြောက်) အခြေခံမူလတန်းကျောင်း၌ ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့၏ EPD စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၁၀၀)နှစ် အထက်၊ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေမည့် ကျေးရွာချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေ…
Jan 22,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့တွင် အီးအမ်(EM)ဘိုကာရှီ မြေဆွေးပြုလုပ်နည်း တောင်သူပညာပေးသရုပ်ပြဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ အီးအမ်(EM) ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်းတောင်သူ ပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့် ကျေးရွာနေတောင်သူ စိုင်းလမ်၏ခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25407
Page
25408
Page
25409
Page
25410
Current page
25411
Page
25412
Page
25413
Page
25414
Page
25415
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department