Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ(၄၅)ဦးအား Rapid Test Kit ဖြင့်စစ်ဆေး
Jan 22,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်အတွင်း အသက် (၈၅) နှစ်အထက် အဘိုးအဘွား (၁၂၄၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်…
Jan 22,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၄၄) အုပ်စုရှိ အသက် (၈၅) နှစ် အထက် အဘိုးအဘွား (၁၂၀၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦး စုစုပေါင်း (၁၂၄၅) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အဘိုးအဘွားများ ၏အိမ်အထိ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်မှ Cash for Work၊ VRFP နှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား…
Jan 22,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကုစားမှု(CERP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work နှင့် ကျေးရွာမတည်ရန်ပုံငွေ(VRFP) စီမံကိန်းကျေးရွာများအပြင် မြစိမ်းရောင် စီမံကိန်းကျေးရွာများ၌ ငွေစာရင်း လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာမှု ရှိ/မရှိကို ဖားကန့်မြို့နယ်စာရင်းစစ်မှူး ဦးဖီးလီမွန်နှင့်အဖွဲ့က ဇန်နဝါရီ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး
Jan 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှ မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ စီမံကိန်း ရန်ပုံငွေဖြင့် ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာနိုင်မှု၊ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောက်ရွက်ထားရှိမှုများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းညွှန့်သွင်နှင့် စီမံကိန်းတာဝန်ခံများက ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့အခြေခံပညာ အထက်တန်းကျောင်း တည်ဆောက်မည့် မြေနေရာပန္နက်ရိုက်ခြင်း ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းစံမြို့တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း R.C(၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်မည့် မြေနေရာ၌ ပန္နက်တင် ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေး ရန်ပုံငွေဖြင့် အဆိုပြုလုပ်ငန်း ဆောင်ရွက်မည့် နေရာများသို့ ကွင်းဆင်းကြည့်ရှု
Jan 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းနောင် မြို့အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများအား ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ စောင့်ကြည့်ရေးစခန်းအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ စောင့်ကြည့်ရေးစခန်း(Quarantine Centre)နှစ်ခုရှိ ကန့်သတ်စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦး နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား စစ်ဆေးချက်အရ ဝေဠုဝန် ဘ/ကကျောင်းတွင် ထားရှိသည့် စောင့်ကြည့်ရေးစခန်းမှ ရှင်သာမဏေ (၄)ပါးထံက ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လက်တွေ့ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ရက်များ အလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25408
Page
25409
Page
25410
Page
25411
Current page
25412
Page
25413
Page
25414
Page
25415
Page
25416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department