Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ့်စန်တွင် မြို့နယ် ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲ ကျင်းပ
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း စိတ်အပန်းဖြေစရာဖြစ်စေရန်အတွက် ကလေးငယ်များအား အရောင်ခြယ်စာအုပ်များ၊ ရောင်စုံခဲတံများ အခမဲ့ဖြန့်ဝေ
Jan 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း စိတ်အပန်းဖြေစရာ ဖြစ်စေရန်အတွက် ကလေးငယ်များအား အရောင်ခြယ်စာအုပ်များ၊ ရောင်စုံ ခဲတံများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် DMO အဖွဲ့ဝင်များ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး
Jan 21,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ကျေးရွာရှိ ရေပူကန်အားခရီးသွားများ အနားယူအပန်းဖြေစရာ နေရာတစ်ခု အဖြစ် ဖော်ဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် DMO အဖွဲ့ဝင်များ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၃၃)ဦး ထပ်မံဝင်ရောက်
Jan 21,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၃၃)ဦး ထပ်မံဝင်ရောက် လာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် စောင်ကြည့်ရေးစခန်းရှိ ရှင်သာမဏေ (၄)ပါးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ် ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) နှစ်ခုတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ Stop ကိုဗစ်-၁၉အဝါရောင်Mask Campaign အသိပညာပေးလှုပ်ရှားမှုနှင့် ပြက္ခဒိန် ဖြန့်ဝေ
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေ ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းကမြို့မ စည်ပင်သာယာစျေးရှေ့နှင့် အိုးဘိုအရှေ့ ရပ်ကွက်၊ ရွှေညောင်ပင် လမ်းဆုံတို့၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် မီးခိုးမြူငွေ့ကင်းရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကွင်းဆင်း၍ အသိပညာပေးဟောပြော ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေး
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25423
Page
25424
Page
25425
Page
25426
Current page
25427
Page
25428
Page
25429
Page
25430
Page
25431
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department