အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်၇နာရီက မုဒုံမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 20,2021
မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို သမဝါယမအသင်းမှ ဝယ်ယူပြီး မူရင်းဈေးအတိုင်း ပြည်သူများကို ဈေးနှုန်း သက်သာစွာဖြင့် ပြန်လည် ရောင်းချပေး နေကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ သိရသည်။
Jan 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့(၅)ဦး ရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာ(၈)ရွာမှ ပြည်သူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း ပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၂)စုအား ယမန်နေ့ ညနေပိုင်းမှာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
Jan 20,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရပ်ကွက်/​ကျေးရွာ အုပ်ချုပ်​ရေးမှူးများ​ ရွေးချယ်တင်​မြှောက်​ရေးအတွက် ဆောင်ရွက်ရမည့် ​ရွေးချယ်​ရေးဆိုင်ရာမူများ၊ နည်းစနစ်များကို ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိ​နိုင်​ရေးအတွက် ချပြရှင်းလင်းခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့(၅)ဖွဲ့ဖြင့် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာများတွင်​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(ပထမအကြိမ်)ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jan 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ သိရှိစေရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲ ကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။