Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်နေကြသော ကျန်းမာ ရေး ဝန်ထမ်းများနှင့်အဘက်ဘက်မှကူညီဆောင်ရွက်ပေးနေကြသူများကို ဂုဏ်ပြုသော အားဖြင့်…
Jan 18,2021
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စက) မြို့နယ် မန်းရွှေစက်တော်၏ ဘုရားသမိုင်း
Jan 18,2021
အခါတပါး၌ နတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသ ရာသီဥတု မှန်သလား၊ ဆန်ရေစပါးပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ (နေကြာ) စိုက်ခင်းအား ပိုးမွှားကျရောက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆိပ်သာကျေးရွာ တောင်သူဦးသောင်းဟန်၏ လယ်ယာမြေကွက်တွင် စိုက်ပျိုး ထားသော ဆောင်းသီးနှံ (နေကြာ) စိုက်ခင်းအား ပိုးမွှားကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အင်းတော် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ ရွှေပိုးပရဟိတအသင်းမှ သက်ကြီးဘိုးဘွားနှင့် မသန်စွမ်းသူများအား အခြေခံ စားသောက်ကုန်များ လှူဒါန်း
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိန်တောင်ကျောင်းတိုက်ဆရာတော် ဦးဆောင်သော ရွှေပိုးပရဟိတအသင်းမှ မိုးနဲမြို့ နယ်အတွင်းရှိ ကျေးရွှာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်မရှိ၊ ကျောထောက်နောက်ခံ သားသမီး၊ ဆွေမျိုးရင်းချာ မရှိဘဲ အသက်အရွယ် အိုမင်းခြင်းကြောင့် အင်အားရှိသလောက်နှင့် ဝမ်းရေးကိုခက်ခဲစွာ ဖြေရှင်းနေရသည့် သက်ကြီးဘိုးဘွားခြောက်ဦးနှင့် ကိုယ်အင်္ဂါ ချို့တဲ့ပြီး ဝင်ငွေလုံးဝမရှိသော၊ ကျောထောက်နောက်ခံမရှိသော မသန်စွမ်းသူ သုံးဦး စုစုပေါင်း ကိုးဦးတို့အား အခြေခံ စားသောက်ကုန်များကို ယနေ့ နံနက် ၇ နာရီ အချိန်က ကျေးရွာများအရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေး
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ “(၂၀၁၈-၂၀၃၀)ခုနှစ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်ရေး” ရည်မှန်းချက်အတွက် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခဲ့ရာခွေး၊ ကြောင်အကောင်ရေ စုစုပေါင်း(၁၅၀)ကောင်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွား(၆၃) ဦးအား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် ဈေးများတွင် စျေးရောင်းချသူပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face shield)များ…
Jan 18,2021
ဒဂုံမြို့နယ်ရှိ ဒဂုံရိပ်သာစျေးနှင့် အခွန်လွတ်စျေး ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းတို့တွင် စျေးရောင်းချသူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်း ချရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (face Shield) ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရန် မြလေးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနှင့်ဒေါ်လန်းအုပ်စု၊ အလယ်ရွာကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့်ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25583
Page
25584
Page
25585
Page
25586
Current page
25587
Page
25588
Page
25589
Page
25590
Page
25591
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department