Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှ…
Jan 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၂၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး မော်တော်ယာဉ်မှ ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ အင်းရေပြင်အတွင်းပြေးဆွဲလျက်ရှိသော စက်တပ်ရေယာဉ်ငယ်များ ၀န်ပိုတင်ဆောင်ခြင်းမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်း ပြေးဆွဲလျှက်ရှိသော စက်တပ်ရေယာဉ်များ ၀န်ပိုတင်ဆောင်ခြင်းမရှိစေရေးနှင့် ယာဉ်နှင့်ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယမန်နေ့မွန်းလွဲပိုင်း က ဖယ်ခုံမြို့ဇင်ယော်ငှက်ရေယာဉ်ဂိတ်သို့ တာ၀န်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော
Jan 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ မြတ်ပညာပရဟိတကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်း က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရဲစခန်းမှူး ရဲမှူးဝေဖြိုးကျော် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်ရဲမေများ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ဝင်းဇော်လတ် နှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးတို့အတွက် နှာခေါင်းစည်း Mask Campaign အား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေး၊ မန္တလေး−လားရှိုး ပြည်ထောင်စုလမ်းမကြီး မီးပွိုင့်လမ်းဆုံ၊ မိုင်းပွန်လမ်းနှင့် လမ်းမတော် လမ်းထောင့် မီးပွိုင့်လမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် သွားရောက်တာဝန်ထမ်း ဆောင်ခဲ့သည့် နမ့်ဆန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄)ဦးအား ဂုဏ်ပြ…
Jan 18,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ယမန်နေ့မွန်းလွဲ (၃)နာရီ က ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး လှည့်လည်ဆော်သြ
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည (၆)နာရီအချိန်မှ စတင်၍ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များသို့ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်ဆော်သြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ် အထက် သက်ကြီး အဘိုးအဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးလမ်းရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25585
Page
25586
Page
25587
Page
25588
Current page
25589
Page
25590
Page
25591
Page
25592
Page
25593
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department