အမြို့မြို့အနယ်နယ်သတင်းများ

Jan 16,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အိမ်မွေးတိရိစ္ဆာန်ခွေး၊ ကြောင်ကောင်ရေတစ်ရာကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းအား ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးတွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 16,2021
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံး ၌ ကျင်းပခဲ့သည်။
Jan 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး နှင့် ကူးစက်ပျံနှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ သည်။
Jan 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် ဆောင်းသီးနှံ ကြက်သွန်ဖြူစိုက် တောင်သူများအနေဖြင့် G.A.P (Good Agricultural Practices) အသိအမှတ်ပြုလက်မှတ် ရရှိရန်အတွက် တောင်သူ (၁၁၂) ဦးမှ စိုက်ဧက (၅ဝဝ) ဧကအတွက် လျှောက်ထားမှုအပေါ် ခရိုင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ နံနက် (၁ဝ) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်း အဆင့် တိုးမြှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။