Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဥ်အရ မိသားစုစားဝတ် နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများအား ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "၀" ဥ စိုက်ပျိုးနည်းသင်တန်းဆင်း ပွဲပြုလုပ်
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တစ်ပိုင် "၀"ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွား လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာ များကို အသိပညာတိုးပွားရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု " ဝ"ဥ စိုက်ပျိုး နည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းကို (၅)ရက်ကြာဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းတွင် ကွန်ကရစ်တံတား (၁) စင်း တည်ဆောက်
Jan 16,2021
ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား တည်ဆောက်ခြင်း၊ သောက်သုံး/ စိုက်ပျိုးရေး ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းပင်ကုန်း ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၁)စင်း အကောင်အထည် ဖော် တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်တွင် အမက( ကော့စိုင်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Jan 16,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု အမက (ကော့စိုင်)ကျောင်း၌ နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းမြေနေရာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် ကြီးအုံကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး…
Jan 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ ကြီးအုံကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၉၆.၇၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးရှင်းလင်း
Jan 16,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မော်ရွှေဝါ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်၌ မသန်စွမ်းသူများဆိုင်ရာအသိကညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း အသိပညာပေးခြင်း အစီအစဉ်များ Online မှ တဆင့်ပြည်သူများထံ အသိပညာပေးဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ၁၅ရက် နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုလူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲဆောင်ရွက်
Jan 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25598
Page
25599
Page
25600
Page
25601
Current page
25602
Page
25603
Page
25604
Page
25605
Page
25606
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department