Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကာလိမြို့၌ “တင်းလီ” ကိုယ်ထူကိုယ်ထဈေးသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့ကွက်သစ်တွင် ပြည်သူများ ကိုယ်ထူကိုယ်ထ “တင်းလီ” ဈေးသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်
Jan 18,2021
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရို၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ် ကျေးရွာ၌ ၊ မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သောကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၏ ကျောက်ဆင်ကျေးရွာအုပ်စု ကျေးရွာအခြေပြုရေရှည် တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းအသင်း အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာကျေးရွာ အခြေပြုရေရှည်တည်တံ့စေသော ကမ်းရိုးတန်းငါးလုပ်ငန်းအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ထမ်းဆောင်ခဲ့သည့် ကြက်ခြေနီမောင်မယ် သုံးဦးအား ကြိုဆိုဂုဏ်ပြု
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ်ကိုယ်စားပြု သွားရောက် ကူညီ တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာ့ဝန်ထမ်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် (သုံး)ဦးအား ယမန်နေ့ညနေ (၄) နာရီ က မြို့ဝင်မုခ်ဦး၌ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့ရှိ သီလရှင်ဆရာလေး အပါး(၂၀၃) ပါးအား ဆန်၊ ဆီ၊ ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်း
Jan 18,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ သီလရှင်ကျောင်းများတွင် သီတင်းသုံးနေသော သီလရှင် ဆရာလေး အပါး (၂၀၃) ပါးတို့အား ဆန်၊ ဆီ၊ ဝတ္ထုများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဦးကျော်သောင်းနှင့် ဒေါက်တာကေသီခိုင် (KK မြေမဲဆီသန့် မိသားစု)တို့မှ လိုက်လံ ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကြီးကြပ်ရေးအဖွဲ့၊ ရပ်ကွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ကျေးရွာအရောက် ကွင်းဆင်း အသိပညာပေး
Jan 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ယမန်နေ့နံနက် (၉) နာရီခွဲအချိန် က ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးခရိုင်၊ လင်းခေးမြို့တွင် (A) အဆင့်အားကစားရုံ ဆောက်လုပ်ရန်အတွက် ပန္နက်တင် အခမ်းအနားပြုလုပ်
Jan 18,2021
လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (A) အဆင့် အားကစားရုံ ဆောက်လုပ်ရန် ပန္နရိုက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပြည်ငြိမ်းအေး အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အထူးဒေသ(၂) မိုင်းဖျဲန်မြို့ စီးကရက်စက်ရုံ၌ အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား (၁၅၁)ဦးအား နေရပ်သို့ပြန်လည်ပို့ဆောင်ပေး
Jan 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်းသို့ အထူးဒေသ(၂) မိုင်းဖျဲန်မြို့ စီးကရက်စက်ရုံ၌ အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား (၁၅၁)ဦးအား ယမန်နေ့နံနက် (၇) နာရီခွဲအချိန် က NDAA(မိုင်းလား) ဒေသ အထူး(၄) မိုင်းလား ကျွေးရွာပြည့်သူ့စစ်ခေါင်းဆောင် ဦးဆမ်လော ဦးဆောင်သော တာဝန်ရှိသူ ၇ ဦးတို့မှ လာရောက်ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲပြုလုပ်
Jan 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှစ်ပတ်လည် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25606
Page
25607
Page
25608
Page
25609
Current page
25610
Page
25611
Page
25612
Page
25613
Page
25614
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department