Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့နယ် ဝမ်ကုန် အခြေခံပညာမူလတန်း(လွန်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်အခမ်းအနားပြုလုပ်
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဝမ်ကုန် အခြေခံပညာမူလတန်း(လွန်) ကျောင်းအတွက် Steel Structure ကျောင်းဆောင်သစ် တစ်လုံးဆောက်လုပ်ရန် ပန္နရိုက် ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေ၊ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများအား အသိပညာ ပေး ဆောင်ရွက်
Jan 16,2021
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မကြာမီကာလအတွင်း အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်တော့ မည်ဖြစ်ရာ ရွေးချယ်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးနှင့် အသစ်ပြင်ဆင်ပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့မနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင် ကြိုရပ်သာကျေးရွာ အုပ်စု၊ ကြို့ကုန်းကျေးရွာ အုပ်စု၊ ဘွတ္တောကျေးရွာအုပ်စုတို့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 16,2021
ကချင်ပြည်နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ နံနက် ၁၀ နာရီတွင် ပြည်နယ် လူမူဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jan 16,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမူရေးပင်စင် များထောက် ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဆမားခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ သင်တန်း ပို့ချ
Jan 16,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း စဉ်များ သင်တန်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် ပြုလုပ်ခဲ့သည်။ သင်တန်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Jan 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်(၂) ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မြို့မရဲစခန်း အနောက်ဘက် (၂၇) မိုင်ခန့်အကွာ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း၊ ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ငှောချယ်ကျေးရွာ အနီးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥဒေများအား ထပ်ဆင့်ရှင်းလင်းပ…
Jan 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့၌ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအား ထပ်ဆင့် ရှင်းလင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက တာလေမြို့ အမှတ် (၃) ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25609
Page
25610
Page
25611
Page
25612
Current page
25613
Page
25614
Page
25615
Page
25616
Page
25617
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department