အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင် ရွက်နေမှု အခြေအနေကို ယနေ့ နံနက် (၁၁) နာရီက ခရိုင်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 15,2021
ရှမ်းပြည်နယ်(မြောက်က်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ ထုတ်လုပ်သည့် ဆာလဖျူရစ် အက်ဆစ် အရောက်မဲ့အရည် ၁၆၀ လီတာဆံ့ အပြာရောင် ကော်ပုံး ၁၄ ပုံးအား ဒေသတွင်း မြေမြုပ် ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထင်ပါကျိုင်းကျေးရွာ အုပ်စု၊ လော်တုံကူးကျေးရွာ အနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၅၈ ဒဿမ ၇၀၀ သန်းဖြင့် ကျိုင်းလပ်မြို့ ဝမ်ကျင်း- ကျခမ်းဆောင်- ကျခမ်းတဲ ကျေးရွာချင်းဆက်လမ်း (၁/၆)မိုင် အနက် (၁/၁)မိုင် ကျောက်ချောလမ်းခင်းခြင်းကို King Light ကုမ္မဏီမှ တာဝန်ယူ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 15,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပို့ချခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ် သည်။
Jan 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ ဒေသခံတောင်သူ (၅၃)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ကျင်းပကြောင်း သိရသည်။
Jan 15,2021
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (မွန်ပြည်နယ်)က ကိုဗစ်−၁၉ကာလအတွင်း ရပ်/ရွာပြည်သူများ အသိပညာဗဟုသုတရရှိပြီး စိတ်ဓါတ်ခွန်အားများရရှိရန်၊ စာအုပ်စာပေများ ဖတ်မှတ်လေ့လာခြင်းဖြင့်နိုင်ငံကြီးသားပီသစေရန်ရည်ရွယ်၍ယနေ့မွန်းလွဲ၁နာရီကမော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ သည်။
Jan 15,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊သရက်ကန်တဲတိုက်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အတွက် စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် အမှန်တကယ်သန့်ရှင်းသောသောက်သုံးရေရရှိနိုင်မှု ရှိ/မရှိ သိရှိ နိုင်ရန် မြေအောက်ရေ တိုင်းတာမှုလုပ်ငန်းများကို ဇန်နဝါရီလ ၁၅ရက် နံနက် ၉နာရီက တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ကြသည်။