Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီး
Jan 15,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်းကို ဇန်နဝါရီ ၁၄ ရက်ည ၉ နာရီ ၁၅ မိနစ်က ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက် ၆၅ နှစ်၏ နေအိမ်၌ အားဖြည့်အချိုရည် များ အတုပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်၌ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် စိစစ်ရွေးချယ်နိုင်ရေး ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ အမှတ်(၅) ရပ်ကွက် မီးဘေးသင့် နေအိမ်တစ်လုံးအား ငွေနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 15,2021
ပုလောမြို့ အမှတ်(၅)ရပ်ကွက် ရှမ်းမမဲလမ်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု တစ်စုကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် (၁၁)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းကို သွားရောက် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Jan 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ မီးသတ်စခန်းဝန်ထမ်းအိမ်ရာတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jan 15,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မီးသတ်ဦးစီးဌာန မီးသတ်စခန်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မင်းကုန်းရပ်ကွက်၊ မီးသတ် ဦးစီးဌာန၊ မီးသတ်စခန်းဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ် နိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်
Jan 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့် တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာရှိ ပညာ့ရိပ်မွန် စာကြည့်တိုက်အတွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင် ဒေသများကို သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ ဖော်ဆောင်မည့် အစည်းအဝေး…
Jan 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏အကြီးဆုံး ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီး ကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ် ကျင်းပသည့် အစည်းအဝေးကို ယနေ့ နံနက် (၉:၃၀) အချိန်တွင် အင်းတော်ကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ဂစ်အိုးတင်ယာဉ်တိမ်းမှောက်မီးလောင်ရာမှ နေအိမ်သုံးဆောင်သို့ ကူးစက် မီးလောင်မှုဖြစ်ပွား
Jan 15,2021
ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် ၊ မြရည်ပုလဲလမ်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၂:၄၅ အချိန်ခန့်က ဂစ်အိုးများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှ အနီးအနားနေအိမ်သုံးလုံးသို့ကူးစက်မီးလောင်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25641
Page
25642
Page
25643
Page
25644
Current page
25645
Page
25646
Page
25647
Page
25648
Page
25649
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department