အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မီးသတ်စခန်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာန၏ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနားကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ များကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်​ရေးမှူး ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အောင်ဇေယျ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 15,2021
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်းများတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇နာရီက လူစည်ကားသော နေရာ(၅)ခုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 15,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အမှတ်(၄) နယ်မြေတွင်တည်ရှိသာ ရှင်မင်းဘူးစေတီတော် မြတ်ကြီး သည် မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး စေတီတော် မြတ်ကြီးကို သက္ကရာဇ် (၂၃၈) ခုနှစ်တွင် မယ်မင်းပူး ဆိုသူအမျိုးသမီးမှ တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
Jan 15,2021
မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာရှိ မြေပဲစိုက်ခင်းများထဲတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုမှာ ယခင်နှစ်များထက်ပိုပြီး (၂)ကြိမ်ဝင်ရောက်လာမှုကြောင့် မြေပဲစိုက်ခင်းများ ပိုမိုကောင်းမွန်ကြောင်း သိရသည်။
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ(၂၀၂၀-၂၀၂၁) ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀)​ဖြင့် မြောင်မြို့ပေါ်ရှိလမ်း(၃)လမ်းအား ကတ္တရာ လမ်းသစ် ခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။