Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jan 15,2021
ပဲခူးမြို့နယ် အောက်စည်တီး(အရှေ့)ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင် ထားလျက်ရှိ
Jan 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာက ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီ၌ အသင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြစ်ကူးတံတားသစ် (မြို့ဦးကင်း) ဖွင့်လှစ်ပြီးပါက မြို့တွင်းယာဉ်ကြော ကြပ်တည်းမှုများ လျော့နည်းသွားမည်
Jan 15,2021
ပဲခူးမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများဖွံ့ဖြိုးတိုးတက်ပြီး မြို့အတွင်းယာဉ်ကြော ကြပ်တည်းမှုများ ဖြေလျော့စေရန် ပဲခူးမြစ်ကူးတံတားသစ်(မြို့ဦးကင်း)ကို ၂.၃.၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်
Jan 15,2021
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၈) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတား (၆) စင်း အပါအဝင် ရေပြွန် (၁၀) ခုပါဝင်သည့် အရှည် နှစ်မိုင်ရှိ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်မည်
Jan 15,2021
တောင်သူလယ်သမားများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ အဆင်ပြေ ချောမွေ့စွာ သယ်ယူ ပို့ဆောင် နိုင်ရေးအတွက် တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ တိန်းကယားကျေးရွာအုပ်စု၊ တိန်းကယား (ချင်း) ကျေးရွာတွင် လယ်ယာကုန် ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့်သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် Equipping Youth For Employment Project-EYE အစီအစဉ်အရ စာသင်ကျောင်းဆောင်နှင့် အိပ်ဆောင်ဆောက်လုပ်
Jan 15,2021
ပညာရေးဝန်ကြီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့် ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth For Employment Project-EYE) အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက် ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ကျောင်းသား/သူများအိပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ ဗုဒ္ဓခြေတော်ရာတောင်ပေါ်၌ ဓမ္မာရုံတည်ဆောက်ရန်မြေပြင်ကွင်းဆင်းကြည့်ရှု
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာအနီး သမန္တကုဋအမည်ရ ခြေတော်ရာတောင်ပေါ်တွင် ဗုဒ္ဓခြေတော်ရာ လင်္ကျာတစ်ဆူတည်ရှိသဖြင့် အရပ်ဝေးအရပ်နီး အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ နေ့စဉ်လာနေမှုများပြားနေသဖြင့် စိတ်အေးချမ်းသာစွာ နားခိုနိုင်ရေးနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော အသံမစဲပဋ္ဌာန်း ပူဇော်ပွဲများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဓမ္မာရုံတစ်ဆောင်တည်ဆောက်နိုင်ရန် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များနှင့်တာဝန်ရှိသူများက ယမန်နေ့ န့နက် ၈ နာရီ အချိန်ကစ၍ အမြင့်ပေ(၂၄၂၄ပေ)ရှိသော ၎င်းခြေတော်ရာတောင်ပေါ် သို့ သွားရောက ်ကြည့်ရှု၍ တိုင်းတာမှုများ ပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25665
Page
25666
Page
25667
Page
25668
Current page
25669
Page
25670
Page
25671
Page
25672
Page
25673
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department