အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေအနေများကြောင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် အတွက် အိမ်အပြင်ထွက်သူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွား လာစေရေး Mask Campaign ကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2021
ချင်းပြည်နယ် ရေဇွာမြို့နှင့် ဆက်သွယ်ထားသောလမ်းများသည် ယခင်ကမိုးတွင်း ကာလတွင် သွားလာမှုခက်ခဲသော်လည်း ၂၀၁၈-၂၀၁၉ နောက်ပိုင်းမှစတင်ပြီး ရာသီမရွေး သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Jan 14,2021
စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်-၁၉ ​ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း (The New Normal) လိုက်နာလျက် လယ်ယာကဏ္ဍလုပ်ငန်းများတွင် အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း၊ စပါးတိုက်ရိုက် အစေ့ချနည်း၊ စပါးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနည်း၊ စပါးပင်၏ ရုပ်သွင်ပြင်လက္ခဏာနှင့် စပါးအထွက်တိုးခြင်း ဆိုင်ရာနည်းပညာပေး သင်တန်းကို ယနေ့တွင် Online မှ တစ်ဆင့် IT နည်းပညာအသုံးပြု၍ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2021
မ​ကွေးတိုင်း​ဒေသကြီး​ ချောက်မြို့နယ်တွင်​ချောက်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းမှုများ လျော့နည်း ကျဆင်း​စေ​ရေး အသိပညာပေး​ ဟော​ပြောခြင်းကို ယမန်​နေ့ နေ့လယ် ၂ နာရီအချိန်က ပြည့်ပင်အုပ်စု၊ မိုလာ​ကျေးရွာ သားထကူဘုရား​ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ​ပေါ်တွင် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများ ပြန်လည် ရွေးချယ်ခန့်အပ်နိုင်ရေး ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား အား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ (၁၀) ဦးအား နှာခေါင်း နှင့် အာခေါင်တို့ဖတ်များကို ယမန်နေ့နံနက် (၁၁) နာရီက Test Kit ဖြင့် ပထမအကြိမ် ဓာတ်ခွဲနမူနာများ ရယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jan 14,2021
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန်မြင့်မားတိုးတက် လာစေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ‌သခွတ်ပင်ကျေးရွာအုပ်စု စက်စုကျေးရွာ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။