Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွန်ပျူတာ (အခမဲ့) သင်တန်း စတင်ဖွင့်လှစ်
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွန်ပျူတာ (အခမဲ့) သင်တန်းကို ယနေ့နံနက်ပိုင်းက စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မြို့နယ်စည်ပင်သာယာရေး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းတို့ ပူးပေါင်းကာ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများ ကွင်းဆင်း
Jan 14,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအိုက်ထွန်း အငယ်တန်း အင်ဂျင်နီယာ(၂) ဦးလင်းအောင် တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရက်ကွက်ရှိ Quarantine Centre အဖြစ် ဖွင့်လှစ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ယခုအခါ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေထိုင်သူများ မရှိတော့ သည့်အတွက် ဗိမာန်အတွင်း အပြင် သန့်ရှင်းရေးနှင့် ဆေးဖြန်းခြင်း လုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် လယ်တီကျေးရွာအုပ်စု၊ စစ်ပင်ကျေးရွာရှိ Unicef သိုလှောင်ရုံ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jan 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာတွင် မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသားအသင်းသူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံ ၁၉၈၀၄ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေကို ယခုလာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နွေစပါးသီးနှံစိုက် ဧကအနေဖြင့် စုစုပေါင်း ၁၉၈၀၄ ဧက လျာထားစို က်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ အဝီစိစက်ရေ တွင်းတူးဖော်ခြင်းနှင့် မြေသားရေကန် ပြုပြင်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25690
Page
25691
Page
25692
Page
25693
Current page
25694
Page
25695
Page
25696
Page
25697
Page
25698
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department