အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွား(၁၃၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အား ယမန်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2021
အင်းဝဘုရင် စဉ့်ကူးမင်းလက်ထက်၊ အမရပူရရွှေမြို့တော်ကို ပထမတည်ထောင်တော်မူသည့် (ပဒုံမင်း) သို့မဟုတ် (ဘိုးတော်ဦးဝိုင်း) အုပ်စိုးတော်မူသော မြို့ပေါင်း ၂၃၀၌ ရွှေကူကြီးစေတီ ၂၃၀ ဆူတို့ကို ကောဇာသက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ရာ ယခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မော်နိုင်း ကျေးရွာ အပါအဝင် မော်နိုင်း ကျောင်းတိုက်အတွင်းရှိ ရွှေကူကြီးစေတီလည်း တစ်ဆူအပါအဝင်ဖြစ်ကြောင်း ကျောက်စာ မှတ်တမ်းအရ သိရှိရသည်။
Jan 14,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ (၁၂)ရက်နေ့က (၄၄)ဉီးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၁၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၅၈)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
Jan 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ ကျော်သလေးခိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Jan 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သမှုန်းပင်ကျေးရွာတွင် ယမန်နေ့နံနက် (၁၀) နာရီ အချိန်ခန့်က သောက်သုံး ရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင် နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၇) နာရီအချိန်က ကြို့ကုန်းအရှေ့ ရပ်ကွက် မဟာသုခိတာလမ်းနှင့် YIT ကျောင်းတို့တွင် ဈေးနှုန်း သက်သာစွာ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Jan 14,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊‌ Lot-27 ပြည်နယ် ငွေလုံးငွေရင်း ဖြင့် ကွန်ကရစ် Slab ခင်းခြင်း ဆောင်ရွက်လျက်ရှိသည်။