Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂန့်ဂေါမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Dec 03,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Dec 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် ချောင်းဖြူကျေးရွာရှိ ဒေသခံပြည်သူများ ရာသီစာအဖြစ် မုန့်ဩဇာလုပ်ကိုင်ရောင်းချ
Dec 03,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပဲကြီးလှော်လုပ်ငန်း၊ မုန့်လုပ်ငန်းနှင့် ဆောင်းတွင်းရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် စီးပွားရေးအဆင်ပြေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က မိုင်းနောင်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက…
Dec 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်၍ ဉာဏရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Dec 03,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှု မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မဲစာရင်းမှန်ကန်စေရေး (Door to Door) မြေပြင်ကွင်းဆင်းဆက်လက်ဆောင်ရွက်လျက်ရှိ
Dec 03,2025
၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးတို့အတွက် ၂၈-၁၁-၂၀၂၅ နေ့မှ မှစတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အသီးသီးသို့ သွားရောက်ကာ သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်းလိုက်လံ၍ (Door to Door) မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
Dec 03,2025
ယင်းမာပင်မြို့တွင် ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသား သီချင်းများသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်
Dec 03,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက (အ.မ.က) မြိုင်သာယာ ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
263
Page
264
Page
265
Page
266
Current page
267
Page
268
Page
269
Page
270
Page
271
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department