Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လုံမြို့၌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၄) ကြိမ်မြောက်School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်…
Dec 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၌ ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄) ကြိမ်မြောက် School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံရသော အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော (Grade- 10) ကျောင်းသား မောင်ပြည့်ဖြိုးကျော်အား ယနေ့နေ့လယ် ၁ နာရီက ပင်လုံမြို့ မြို့အဝင်ထိသွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကျင်းပ
Dec 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်တွင် အံကြီးအနောက်ရပ်ကွက်ရှိ အ.ထ.က (ခွဲ) အ.လ.က (၃) ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 02,2025
တံတားဦးမြို့နယ်တွင် မကြာမီကာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး နှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့ မြို့မဈေးအနီးတွင် ဈေးရောင်း၊ ဈေးဝယ်များ၊ ပဲမြစ်ဈေးတန်းတွင် ရောင်းဝယ်ကြသူများနှင့် အသက် (၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ပြည်သူအားလုံးပါဝင်ပြီး လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို အရောင်အသွေး စုံလင်စွာဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့၌ ထန်းဆွဲမြူအိုးများ ထန်းတက်ရာသီအမီ စတင်လုပ်ကိုင်နေပြီဖြစ်
Dec 02,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာနေ ဦးနေလင်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်
Dec 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်တွင် အခြေခံမီးသတ်သင်တန်းအမှတ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ ဓမ္မရက္ခိတဓမ္မာရုံတွင် အခြေခံမီးသတ်သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြိုတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
267
Page
268
Page
269
Page
270
Current page
271
Page
272
Page
273
Page
274
Page
275
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department