အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင် ကာကွယ်ရေးနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လွိုင်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 17,2020
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီးရုံးခွဲ၏စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-၁၉ကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသ များတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်သည်။
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယာဉ်ထိခိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲအထိ မြို့မစည်ပင်သာယာဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် တာဝန်ထမ်းရန် ရပ်ကွက် (၁၆) ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စား၍ တက်ကြွစွာ​ဆောင်ရွက်​ပေးနိုင်​သော သြဇာတိက္ကမ ရှိသူများကို မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
Aug 17,2020
မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သော ​ရေကြီး​ရေလျှံမှုမဖြစ်​ပေါ်​စေ​ရေးနှင့် ရေစီး​ရေလာ​ကောင်းမွန်​ရေး အတွက် ရည်ရွယ်ကာ ​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ​စော​​တောင်ရပ်ကွက်၊ ငုဝါလမ်းတစ်​လျှောက် ​ရေ​မြောင်းချဲ့ခြင်းလုပ်ငန်းကို သြဂုတ်လ လဆန်းပိုင်းမှစတင်၍​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။