အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းမှ အသင်းဝင်စာရေးဆရာများ၏ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၂၁ လမ်းနှင့် ၂၂လမ်းကြား၊ ၈၆ လမ်းရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
Aug 17,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်တောင်သူနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြုထားသော မိုးစပါးစိုက် (လယ်) တောင်သူများအား အပင်ရွက်ဖျန်း ဆေးနှင့် အပွင့်အသီးအစေ့အဆံအောင် အားဆေး(၂)မျိုးကို ယနေ့ နံနက်(၉)နာရီအချိန်က ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်း ခင်းနေမှု ပြီးစီးသည့်အခြေအနေအား စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ မှ ကွင်းဆင်းကြည့်ရှု ခဲ့သည်။
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကြောင့် အလုပ်အကိုင် နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ စတုတ္ထ အကြိမ် ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)စီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီ၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မြိုနယ်သန့်ရှင်း သာယာလှပစေရန် ရည်ရွယ်၍
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှါးရမ်း ပေးခြင်းအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စာရင်းစစ်ရုံးနှင့် အိမ်တွင်းမှု သင်တန်းကျောင်းများသို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။