Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့၌ မြစိမ်းရောင်အတိုးရငွေဖြင့် ရွာတွင်းချောင်းကူးတံတားတည်ဆောက်မည့် အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ မိုင်းပန်အောက်အုပ်စု ပုံဆိုင်းကျေးရွာရှိ ရွာတွင်းချောင်းကူးတံတားအား မြစိမ်းရောင် အတိုးရငွေဖြင့် တည်ဆောက်မည့် အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၃) ဦးအား ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ…
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည့် ဘားအံခရိုင်အတွင်းရှိ အမည်စာရင်းတင်သွင်းထားကြသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လမ်းညွှန်ချက်များနှင့်အညီ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ (၁၁) ရက်နေ့မှစတင်၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေခံသမဝါယမအသင်း(၁၃)သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး ကြက်သွန်နီမျာ…
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ရှမ်းပြည်နယ်၏ ဒေသထွက်ကုန် ဖြစ်သည့် ကြက်သွန်နီများကို ဒုတိယအကြိမ်ဖြင့် မရမ်းကုန်းမြို့နယ်အတွက်ရရှိသော ကြက်သွန်နီ (၄၂၅) ပိဿာအား မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်၍ ယနေ့ နေ့လယ်က မြို့နယ်အတွင်းရှိ အခြေခံ သမဝါယမအသင်း ၁၃ သင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ ငွေ ပေးအပ်
Aug 13,2020
ပန်းဘဲတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေ…
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၉)ရပ်ကွက် သုမင်္ဂလလမ်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်းများတွင် မိုးတွင်းကာလ သွာလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ လမ်းကွန်ကရစ် ခင်း ဆောင်ရွက်ရန်၊ မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရပ်/ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာတာဝန် ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အစီအစဉ်အရ စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေး
Aug 13,2020
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ စက်မှုလယ်ယာဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ခေတ်မီကောက်စိုက်စက်များဖြင့် မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုစေရေး လှည့်လည်နှိုးဆော်ပြီး Mobile Service ဆောင်ရွက်ပေး
Aug 13,2020
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူများအနေဖြင့် မဲဆန္ဒရှင် စာရင်းများအား လာရောက်ကြည့်ရှုစေရေး လှည့်လည်နှိုးဆော်ပေးလျက်ရှိပြီး အိမ်တိုင်ရာရောက် Mobile Service ဆောင်ရွက်ပေးလျက်ရှိကြောင်း မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ ရှင်းလင်းဆောင်ရွက်လျက်ရှိ
Aug 13,2020
မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှုကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်ရေး အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်(၁)ရပ်ကွက် အောင်မေတ္တာ (၆)လမ်း၊ (၁၆)ရပ်ကွက် ဦးသင်းဖေလမ်း၊ (၄)ရပ်ကွက် အေးရိပ်မွန်လမ်းသွယ်(၂)လမ်းစသည့် ရပ်ကွက်များရှိမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ယမန်နေ့ နံနက် ၈ နာရီအချိန်က စ၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28152
Page
28153
Page
28154
Page
28155
Current page
28156
Page
28157
Page
28158
Page
28159
Page
28160
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department