အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ထုတ်ပေး ထားသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈) နာရီ အချိန်မှ ၁၀ နာရီအထိ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်များကို မြစ်သားစျေးနှင့်ကူမဲစျေးတို့တွင် စျေးရောင်းစျေးဝယ်ပြည်သူများ လက်ဝယ်အရောက်ပေးဝေခဲ့ကြကြောင်း သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်း များဖြစ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းနှင့် ကျွဲ/နွား မွေးမြူထုတ်လုပ်သင်တန်းများကို ယမန်နေ့ နံနက်(၉) နာရီ အချိန် က ပန်မိတ်ကျေးရွာနှင့် နမ့်ရမ်းကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည်။
Aug 13,2020
မိုးကုတ်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကျောက်ပြသာဒ်ကျေးရွာ၊လုံလျိုကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့် အချိန်ကဂဲတွင်းလူးလက်ကြားတွင် တွင်းသားအချို့ ပိတ်မိမှု ဖြစ်ပွားခဲ့ပါသည်။
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၄၅၁၂) ဦးရှိရာ အောင်မြင်သူ (၁၁၆၉) ဦးရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့် တစ်ဦးအောင်မြင်ကြောင်း သိရသည်။
Aug 13,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြေပွဲကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပကြောင်း သိရသည်။
Aug 13,2020
တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့ လမ်းမတစ်လျှောက် ဈေးသည်များမှ စနစ်တစ်ကျ ဈေးရောင်းချနိုင်ရေး စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့တွင် လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။