အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာ နေသူတစ်ဦး တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ ကံစုကျေးရွာသို့ပြန်လည် ရောက်ရှိလာသဖြင့် ၎င်းအား ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်နှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းတို့ ပါဝင်သည့်အဖွဲ့မှ စစ်ဆေးမေးမြန်းပြီး ယမန်နေ့ ညနေ (၅) နာရီခန့်တွင် ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ Facility Quarantine ထားရှိရန် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
Aug 12,2020
ပခုက္ကူကောလိပ်တွင် တက်ရောက်သင်ယူခဲ့ကြသော ၁၉၈၂မှ၁၉၈၈ ပညာသင်နှစ်အထိ ကျောင်းသား/ သူဟောင်း များ စုပေါင်း၍ ယမန်နေ့ ညနေ ၅နာရီခွဲအချိန်တွင် ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း သစ်ပင် ပေါင်း (၁၅၀)ပင် စိုက်ပျိုး ကြသည်။
Aug 12,2020
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု ၊ ပေါက်ကုန်းကျေးရွာ၌ကျင်းပ သည်။
Aug 12,2020
ကျေးလက်နေအမျိုးသမီးငယ်များ တစ်ပိုင်တနိုင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစု ဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မော်လမြိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးအသက်မွေးဝမ်း ကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကော့ခမယ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ အခြေခံ ပညာဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထီးလင်းမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ(၁၃၈၂) ဦးရှိပြီး အောင်မြင်သူ(၅၄၈)ဦး ရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၃၉.၆၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Aug 12,2020
ရေစကြိုမြို့နယ်၊ ဘောင်ဘဲ့တန်းကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က ကံပွင့်ရေအလှူတော်အဖွဲ့က သောက်သုံးရေများ လှူဒါန်းခဲ့သည်။
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ပြည်မြို့ လူငယ်ရေးရာကော်မတီမှ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းအတွက် ဩဂုတ် ၁၂ ရက် ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။