Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်သာယာမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော…
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်များ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင် ပြည်သူများအား မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးကြရန် ယနေ့ နံနက်ပိုင်းက မြို့နယ်များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသံချဲစက်ဖြင့် လှည့်လည်နှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုရေကရေစီ အထွထွေရွေးကောက်ပွဲဆိုင်ရာ ပိုစတာဖြန့်ကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြ…
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းကို
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့အရှေ့ဘက် တောင်စွယ်တောင်တန်းများ တောတောင်သဘာဝ အလှရေဝေ ရေလဲ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုအား အချိန်မီ ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝ အရ…
Aug 12,2020
တောင်ကြီးမြို့အရှေ့ဘက် တောင်စွယ်တောင်စွယ်တောင်တန်းများ တောတောင် သဘာဝ အလှရေဝေ ရေလဲဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုအားအချိန်မီ ကာကွယ်စောင့် ရှောက်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲ ကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခမ်းမ ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ကျင်းပကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင်မြန်မာ့ပင်လယ်ပြင်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက်လုပ်ငန်းခွင်ကျန်းမာရေးနှင့်အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း(၅/၂၀၂၀)ဖွင်…
Aug 12,2020
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ပင်လယ်ပြင်ငါးဖမ်းရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့်အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း ၅/၂၀၂၀ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ ကသံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သီရိဇေယျာခန်းမ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း စာဖတ်သူအဆင်ပြေစေရေး နယ်လှည့်စာကြည့်တိုက်၊ အသိ ပညာပေး ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ အသိပညာဗဟုတ တိုး ပွား စေရေးနှင့် စာဖတ်သည့်အလေ့အထပိုမိုရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သုတ၊ ရသ စာအုပ် များ ငှားရမ်းပေးခြင်း၊ အသိပညာပေးဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်လုံ(၁) ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Covid – 19 စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးရေးဉီးစီးဌာနမှ မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs ၏ (၅၀)ဧက စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ဖိုး…
Aug 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းစောမြ မှ CERP အစီအစဉ်ဖြင့် Rs to Cs မျိုးစေ့ထုတ်စိုက်ပျိုးရ ခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
Aug 12,2020
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များလုံခြုံရေးအတွက်ဘဏ်တာဝန်ရှိသူများနှင့် ဘဏ်များ၏လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများအားလုပ်ငန်းညှိုနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်(၁၀)နာရီခွဲကမြို့နယ်အထွေထွေအုပ် ချုပ် ရေးဦးစီး ဌာနမြို့နယ် အုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟိုက်ဖတ်ကျေးရွာ အုပ်စု ၊ ဟိုက်ဖတ် ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28162
Page
28163
Page
28164
Page
28165
Current page
28166
Page
28167
Page
28168
Page
28169
Page
28170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department