အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ကျောက်တန်းမြို့ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့(CVD)နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ အဘိုးအဘွားများအား အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ( Exercise Is Medicine ) အစီအစဉ်ဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်မှုကို ယမန်နေ့ ညနေပိုင်းက မြို့မအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းတွင် Mask Campaing ပြလုပ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို နောင်ချိုမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီအချိန်က စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Aug 12,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဥယာဉ်ခြံစိုက်ပျိုးသူများအနက် မြန်မာသံပုရာသီးပင်စိုက်ပျိုး သူများအနေဖြင့် အသီးများ ပိုမိုထွက်ရှိသော်လည်း တင်ပို့ရောင်းချနိုင်ခြင်း မရှိသောကြောင့် အမြတ် နည်းပါးလျက်ရှိကြောင်းသိရှိရသည်။
Aug 12,2020
တက္ကသိုလ်ဝင်စာ​မေးပွဲ​ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်​နေ့ည ၁၂ နာရီ ၃၀ မိနစ်အချိန်က ပညာ​ရေးဝန်ကြီးဌာန အ​ခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်​ကြေညာ​ပေးခဲ့ပြီး ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေး ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဩဂုတ်လ ၁၀ ရက်​နေ့ နံနက်ပိုင်း မှစ၍ လူကိုယ်တိုင်သွား​ရောက်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိ​ကြောင်း သိရှိရသည်။
Aug 12,2020
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်၊ မိသားစုဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ Nestle Myanmar ၊ We Love Yangon နှင့် We Love Northokkalapa