Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အိမ်မဲ မြို့နယ် တောင်စုကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကုစားရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း ရွာဖြစ်သော ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါ လက်ကမ်း စာစောင်များဖြန့်ဝေ
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လားရှိုး−မန္တလေး ပြည်ထောင်စု လမ်းမကြီး အကောင်းကြိုက် မီးပွိုင့်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၂၀ ပြည့်နှစ် ယာဉ် အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ လက်ကမ်းစာစောင် များကို ပြည်သူများ သိရှိနိုင် စေရန် ယနေ့ နံနက်(၈) နာရီ အချိန်တွင် ထပ်မံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေး
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကုစားပေးနိုင်ရန်အတွက် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းမျာ…
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာ၌ ပြည်သူများ လာရောက်ကြည့်ရှု နိုင်ရန်နှင့် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ ထန်းတပင်မြို့နယ် သီရိရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့တွင် ကုန်စည်များ၌ ကုန်ညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ် ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်
Aug 12,2020
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့တွင် Covid-19 စီးပွားရေးကုစားမှု CEPR အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်
Aug 12,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြိုတွင် Covid-19 စီးပွားရေး ကုစားမှု CEPR အစီ အစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တာချီလိတ် ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ (၈၅၆) ဦး အောင်မြင် ဘာသာစုံဂုဏ်ထူးရှင် (၁) ဦးအပါအဝင် (၄)ဘာသာ၊ (၃)ဘာသာနှင့် ဂုဏ်ထူးရရှိသူ (၁…
Aug 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၅) ကျောင်းရှိပြီး၊ ၂၀၁၉- ၂၀၂၀ ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း (၂၉၉၇) ဦး ဖြေဆိုခဲ့ရာ ကျား (၂၉၄) ဦး၊ မ (၅၆၂) ဦး၊ စုစုပေါင်း (၈၅၆) ဦး အောင်မြင်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့ အ.ထ.က ကျောင်းဝန်းအတွင်း RC (၂) ထပ် ကျောင်းဆောင်သစ် တည်ဆောက်မှု (၆၀) ရာခိုင်နှုန်းပြီးစီး
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ အ.ထ.က ကျောင်းဝန်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းများ ယခုအခါ (၆၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28165
Page
28166
Page
28167
Page
28168
Current page
28169
Page
28170
Page
28171
Page
28172
Page
28173
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department