အမြို့မြို့အနယ်နယ်သတင်းများ

Aug 09,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၀၀ နာရီ ခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့နယ်အတွင်း အောင်ချက် ( ၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိကြောင်း ဖလမ်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
Aug 09,2020
ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့တွင် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်း များကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Aug 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်တိုင်ကျေးရွာ၊ ပန်တိုင်-ဒေါင့်ကြီးတာပေါ်ရှိ ပန်တိုင်ရေထိန်းတံခါးအမှတ် (၂) အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 09,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက် ယနေ့တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရိခေါ်ဒါရ်မြို့ စာစစ်ဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲနှင့် ရန်ပုံငွေစီမံကိန်းစာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 09,2020
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ပညာရေးဝန်ကြီးဌာန Website များမှတစ်ဆင့် ယနေ့ နံနက် (၀၀.၃၀) အချိန်တွင် ထုတ်ပြန်ကြေညာခဲ့ရာ စေတုတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၃၆.၆၅) ရာခိုင်နှုန်း အောင်မြင်ကာ ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။