Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေးပြင်ဆင်လျှောက်ထား
Aug 07,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက်နေ့မှသြဂုတ်လ(၁၄)ထိရက်ထပ်တိုး၍ ကြေညာ ပေးလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများလာရောက်ကြည့်ရှု၍ ပြင်ဆင်ရန် ရှိသည့် အချက်အလက်များကို လာရောက်ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၆၀၀၀၀ ကျော်ရှိ
Aug 07,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ဝက်လက်မြို့ပေါ် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၉ အုပ်စုတို့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်း ၁၆၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၁၅၅)ဦး ရောက်ရှိကြိုဆိုနေရာ ချထား
Aug 07,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား(၇၄)ဦးနှင့်မ(၈၁)ဦး စုစုပေါင်း(၁၅၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်သောအသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို ယနေ့နံနက်က လူစည်ကားရာနေရာတွင် အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်၊ နတ်ရေတွင်းကျေးရွာတွင် Cash For Work စီမံကိန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ဦးစီးမှူးဦးစိုးသန်းနှင့် တာဝန်ရှိသူများသည် ကသာမြို့ နယ်၊ နတ်ရေတွင်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုကုစားရေးအစီအစဉ်ဖြင့် Cash For Work စီမံကိန်း ဆောင်ရွက်နေမှုအား ဩဂုတ် လ(၆)ရက်နေ့၊ ညနေပိုင်းက ကျေးရွာသို့ သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တတိယအကြိမ်မြောက် အရပ်ရပ်အခွင့်အရေး လိုင်စင်(၂၄)ခုအား လေလံ ရောင်းချပွဲ ပြုလုပ်
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၄)ခုအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ ကျင်းပ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် ပြည့်စုံချမ်းသာ သမဝါယမအသင်း ဖွဲ့စည်း
Aug 07,2020
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာနမှ စီစဉ်ကျင်းပသော ပြည့်စုံချမ်းသာ ငွေစုငွေချေးသမဝါယမအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးမှူး ဒေါ်တင်တင်မူနှင့် အသင်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28215
Page
28216
Page
28217
Page
28218
Current page
28219
Page
28220
Page
28221
Page
28222
Page
28223
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department