Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပလောက်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Aug 28,2020
ပလောက်မြို့တွင် ပြည်သူများ ကိုဗစ် − ၁၉ ရောဂါကူးစက်ခံရခြင်းမှကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်းနှိုးဆော်ချက်များအား မြို့ပေါ်ရပ်ကွက်များတွင် ကြေညာပေးခြင်းများကို ယမန်နေ့ည (၇) နာရီအချိန်က ပလောက်မြို့ ဟိတကာရီလူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုမရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက် ရှိသည်။ သန်လျင်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ပြင်ပခရီးသွားများ ရောက်ရှိပါက အချိန်မီ သတင်းပို့ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်းများ တပ်ဆင်ရေး၊ လက်ကို စင်ကြယ်စွာ ဆေးကြောရေး ပြည်သူများ အသိပညာရရှိရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 28,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက အောင်မြေသာစံမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် နှာခေါင်းစည်း mask များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 28,2020
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ဈေးများ လူ အသွားအလာများသည့်လမ်းဆုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာ ရေး အသိပညာပေး နှိုးဆော်ချက်နှင့်အညီ mask များစနစ် တကျတပ်ဆင်ခြင်း လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ အခြေ အနေများကို ယနေ့ နံနက် ၈ နာရီက မြို့နယ် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ အဖွဲ့ဝင်များကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံ မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေ
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဒေါပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများက မြို့သစ်ရပ်ကွက် ရှိ ကားမှတ်တိုင်များ၊ အနှေးယာဉ်မှတ်တိုင်များနှင့် လက်ဖက်ရည်ဆိုင်တို့တွင် ပေးဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်း ဆောင်ရွက်
Aug 28,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးရုံးများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Aug 28,2020
မြိတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန် အတွက် အသိပညာ ပေးခြင်း
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်အတွင်းရှိ လူအဝင်အထွက်များသည့်စျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် Mask Campaign များ ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ…
Aug 28,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ လူအဝင်အထွက်များသည့် စျေးများ ဖြစ်သည့် ပုဇွန်တောင်စျေး၌ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ကြေညာပေးခြင်းနှင့် Mask Campaign အဖြစ် Mask များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29753
Page
29754
Page
29755
Page
29756
Current page
29757
Page
29758
Page
29759
Page
29760
Page
29761
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department