Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မအူပင်မြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အသင်းက စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် အဝီစိစက်ရေးတွင်း တူးဖော်အောင်မြင်
Aug 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် သောက်သုံးရေဖူလုံရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝီစိစက်ရေတွင်း တူးဖော်ပေးခဲ့ရာ ယခုအခါ ရေများရရှိပြီဖြစ်သဖြင့် ကျေးရွာသူ၊ရွာသားများ ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်နှင့်အညီ ပြည်သူများ မဲပေးနိုင်ရေး ၊ မဲရုံများကို ကြည့်ရှုစစ်ဆေး
Aug 23,2020
COVID-19 ကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံနှုန်းသတ်မှတ်ချက် (Standard Operating Procedure-SOP) နှင့်အညီ ပြည်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး ယမန်နေ့က တာဝန်ရှိသူများ မဲရုံများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးထုတ်ပေး
Aug 23,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောကလေးများ အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ချို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ပုံမှန်ဆောင်ရွက်လျက်ရှိသည့်ဒေသများအပြင် ကိုဗစ်-၁၉ကာလအတွင်း ထပ်မံတိုးချဲ့ထောက်ပံ့ပေးသည့် အစီအစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်အတွင်း သက်မှတ်ထားသည့် မဲရုံများအား မြေပြင်လက်ရှိအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Aug 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများအဖြစ် အသုံးပြုမည် စာသင်ကျောင်းများနှင့် အဆောက်အဦးများ၏ မြေပြင်လက်ရှိအခြေအနေနှင့် ပြင်ဆင်ရမည့်အခြေအနေများကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းနှင့် စာကြည့်တိုက် ရေရှည်တည်တံရေး ဆောင်ရွက်
Aug 23,2020
ကျေးလက်နေပြည်သူများ စာပေကို ပိုမိုဖတ်ရှုလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သဝန်းတောကျေးရွာ၊ ကျွဲသလင်းကျေးရွာတို့အား နယ်လှည်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းနှင့် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကအဆိုပါ ကျေးရွာများရှိ စာကြည့်တိုက်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
Aug 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဩဂုတ် (၂၃) ရက် နံနက် (၈) နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းဦးစီးပြီး ရဲတပ်ဖွဲ့ဝင် (၉၅) ဦးမှ ဆေးရုံကြီးသန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ပေါင်းမြက်ခြုံနွယ်များ၊ သစ်ပင်၊ သစ်ကိုင်များအား စုပေါင်းသန့်ရှင်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချရန် အသိပေးဆောင်ရွက်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရန်အတွက် အသိပေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29827
Page
29828
Page
29829
Page
29830
Current page
29831
Page
29832
Page
29833
Page
29834
Page
29835
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department