အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျွဲ၊ နွားများတွင်ဖြစ်ပွားသော အရေပြားအကျိတ်နာရောဂါ (Lumpy Skin Disease) ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ခရိုင်/မြို့နယ်မွေးမြူရေးနှင့် ကုသ ရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 25,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး
Aug 25,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန်၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ရပ်ကွက်များသို့ ယနေ့နေလည်ပိုင်းက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြသည်။
Aug 25,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအသိပညာပေး​ဆွေး​နွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် တွင် မျိုးစပါး၊မျိုးစေ့ ထုတ်ဧက (၁၅၀၀) ကို (CERP)အရ စိုက်ပျိုးလျှက် ရှိကြောင်း သိရသည်။
Aug 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ် သည့်နေရာ များတွင် Mask တပ်ဆင်ခြင်းအလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ်သည့် ရည်ရွယ် ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းဖြင့် ပညာပေးလုပ်ငန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ပြုလုပ် ဆောင်ရွက် ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပေါ်စေရေး အတွက် ဝက်မွေးမြူ သူများနှင့် ဝက်ကုန်သည်များ၊ လိုင်စင်စီများ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းများကို ယနေ့နံနက် ၉ နာရီတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့မစျေးနှင့် အမှတ် (၂) စျေးအနီးတို့၌ စိုက်ထူ ဆောင်ရွက် ခဲ့သည်။
Aug 25,2020
စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက် တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ‌ Covid-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ် လုပ်ငန်းအတွက် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ က ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။