Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 21,2020
ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့ ၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ (၆)နာရီ အချိန်က(၅)ဉီး နှင့် ယနေ့ မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဒေသအတွင်းရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ငန်းများအတွက် သက်သာသော အတိုးနှုန်းထားများဖြင့် ချေးငွေများ ထုတ်ခ…
Aug 21,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ လူထုလူတန်းစား အသီးသီး ထိခိုက်နစ်နာမှုများ ကြုံတွေ့ခံစားနေရခြင်းကို နိုင်ငံတော်၏လမ်းညွှန်မှုနှင့်အညီ တစ်ဖက် တစ်လမ်းမှ ကူညီသည့်အနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ လက်လဘက်ရည် ဆိုင် လုပ်ငန်း၊ စားသောက်
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် အဓိက လိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အသိပေးကြေညာခြင်းများ စတင်ဆောင…
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက် စေရေးအတွက် အဓိကလိုက်နာရမည့် ကျန်းမာရေးညွှန်ကြားချက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိ စေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများ ထံ အသိပေးကြေညာနှိုးဆော် ခြင်းကို ယမန်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကျန်းမာရေး လမ်းညွှန်ချက်များ အသိပညာပေးနှိုးဆော်ကြေညာခြင်း ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင် သာယာရေးကော်မတီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်အတွင်း နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း ရှင်းလင်းဆွေးနွေး
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြည်ပမှတရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲကို ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်း အတွင်းရှိ OSS ခန်းမ၌ ယနေ့ မွန်းလွဲ တစ်နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍စိုက်ပျိုးသီးနှံများဧက(၁)ထောင်ကျော်ရေကြီးနစ်မြုပ်
Aug 21,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁၉-၈-၂၀၂၀) ရက်နေ့တွင် နမ့်တိန်ချောင်းနှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်
Aug 21,2020
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့တွင် ခရိုင်အဆင့် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 21,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင် အဆင့်၊ ဘက်စုံထူးချွန်ဆုရရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ဘောလခဲမြို့ အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Aug 21,2020
ကရင်ပြည်နယ်၊ မြဝတီမြို့၌ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲအဆင်ပြေချောမွေ့စွာပေးနိုင် ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းကို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့ ကျောက်ခတ်ကျေးရွာ၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29844
Page
29845
Page
29846
Page
29847
Current page
29848
Page
29849
Page
29850
Page
29851
Page
29852
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department