အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ ခြင်းကို သာယာဝတီမြို့နယ် နွယ်ခွေကျေးရွာအုပ်စု၊ တောင်သင်တောရိုး ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန် ပြသထားရှိသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် လူရည်ချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လိုက်အခြေခံပညာ အထက်တန်း ကျောင်းရှိ စုံညီခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကမ်းနံဘေးရှိကျေးရွာများသို့ သတိပေးချက် နှိုးဆော်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၉-၂၀၂၀ပညာ သင်နှစ်၊ နိုင်ငံတော်ဗဟိုအဆင့် လူရည်ချွန်ဆုရ ဒဿမတန်းကျောင်းသား မောင်မင်းစည်သူခန့်အား ဂုဏ်ပြု ကြိုဆိုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များက မြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အဦများ တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ တိကျစွာလိုက်နာ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Aug 21,2020
ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်များ၏ဘဝကို မြှင့်တင်ပေးနိုင်ရန်နှင့် ကျန်းမာ ရေး စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်၊ အထွေထွေ အုပ်ချုပ် ရေးမှူး ရုံးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ကျင်းပ ခဲ့သည်။