Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာချီလိတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ…
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ပါတီစုံဒီမိုကေရစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆန်ဆိုင်း(က) ရပ်ကွက်၊ ပုံလို့လမ်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ (၈၆၈၄) စုအား နိုင်ငံတော်မှ (တတိယအကြိမ်) ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယမန်နေ့နံနက် ၁၁ နာရီက တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၈၆၈၄) စုအား၊ နိုင်ငံတော်မှ (တတိယအကြိမ်) အဖြစ် ထပ်မံထောက်ပံ့ပေးအပ်သည့်ငွေ (၂၀၀၀၀) ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၂၆) စုတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်များပြသ
Aug 18,2020
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက် ၉ နာရီက မြောင်းမြခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့၌ ငါးမဖမ်းရကာလအတွင်း ပင်လယ်ပြင်ရေလုပ်သားများ (၂၀၀) ကျော်အား လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း (၄) ကြိမ် ဖွင့်လှစ်ပ…
Aug 18,2020
တနင်္သာရီကမ်းရိုးတန်း မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ မြိတ်မြို့တွင် သင်တန်း (၄) ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရေလုပ်သား (၂၀၀) ကျော်အား သင်ခန်းစာများပို့ချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 18,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၉ခုနှစ် ဩဂုတ်လက မိုးသည်းထန်စွာရွာသွန်းပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ဧရိယာ (၄၂၅) ဧကအား ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုမျာ…
Aug 18,2020
နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံအိမ်ထောင်စု (၁၈၀၇၅)စုအား တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံခြင်းအသိပေးနှိုးဆော်
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများ(သို့) ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသူမိန်းကလေးများကို မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနမှ သားအိမ်ခေါင်း ဆေး ထိုးနှံပေးခြင်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့
Aug 18,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်ကျေးရွာတာဝန်ရှိသူများသည် ယမန်နေ့က ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်း ကျေးရွာတွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂ဝဝဝဝိ/နှုန်းဖြင့် ထောက်ပံ့ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများ အိမ်ထောင်စု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29938
Page
29939
Page
29940
Page
29941
Current page
29942
Page
29943
Page
29944
Page
29945
Page
29946
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department