Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်မြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library ဖွင့်လှစ်ငှားရမ်းခြင်းဆောင်ရွက်
Aug 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် Mobile Library ဖွင့်လှစ်၍ စာငှားကတ်ပြုလုပ်ပေးခြင်း၊ စာအုပ်စာစောင်များအား ပြည်သူများ၊ စာဖတ် ပရိသတ်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ မင်္ဂလာဈေးအတွင်း ရေဝင်ရောက်မှုကြောင့် ကမ်းနားလမ်းပေါ် ၌ ယာယီဈေးရောင်းချ
Aug 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မင်္ဂလာဈေးအတွင်းသို့ ယမန်နေ့ကစပြီး ရေဝင်ရောက်မှုကြောင့် ဈေးဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကမ်းလမ်းလမ်းပေါ်၌ ယနေ့နံနက်ပိုင်းမှစ၍ ယာယီဈေးရောင်းချကြ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၁၁၈ စင်တီမီတာလို
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၁၉၉၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၁၈ စင်တီမီတာလိုသေးကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 20,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းများကို သစ္စာစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်
Aug 20,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဝက္ကသေးကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CREP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CREP)ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူ များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန့်ကျေး ရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Aug 20,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက်စောင့်ကြည့်ရေး အဖွဲ့များနှင့် ပူးပေါင်းကာ ယမန်နေ့နံက်ပိုင်းက စည်သာရပ်ကွက်၊ မြစစ်ကိုင်း၊ ညောင်ညိုရိပ် လမ်းဆုံ ဈေးအတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည် ။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29941
Page
29942
Page
29943
Page
29944
Current page
29945
Page
29946
Page
29947
Page
29948
Page
29949
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department