Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၃၅၇၀၁) စုအား ထောက်ပံ့ငွေများ ထပ်မံထောက်ပံ့ပေးအပ်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စုအား တစ်အိမ်ထောင်စု လျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် ဩဂုတ်(၁၅)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး
Aug 17,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ကျူတောကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမီးလင်း ရေး ဆောင်ရွက်နေမှုနှင့် မီးလင်းရေးတင်ပြထားသည့် ကြောင်လျှာကန် တောင်ကွင်းတဲစုများအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူ များက ယမန်နေ့ နေလယ်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 17,2020
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အမည်စာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 17,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၀ ပြည်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ခြောက်ရပ်ကွက်တို့တွင် သတ်မှတ်နေရာအသီး သီး၌ ကြေညာထားမှုကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ ခရိုင်/ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဉီးသန်းညွန့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ပြင်ဆင်ဖြည့်စွက်ထားသော မဲစာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လာရောက်ပေးအပ်
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၌ ကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများအတွက် ပြင်ဆင်ဖြည့်စွက်ပြီးသော မဲစာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ကလေးလုပ်သားစာရင်း စစ်တမ်း ကောက်ယူ
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအဖွဲ့မှ ကလေးလုပ်သားစာရင်း စစ်တမ်းကောက်ယူခြင်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက် နှင့် အမှတ်(၆)ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပူးပေါင်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Aug 17,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက သံတောင်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင်အသက်ငါးနှစ်အောက်ကလေးငယ်များအား မျက်စိအားဆေးနှင့် သန်ချဆေး တိုက်ကျွေး
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိ အားဆေးနှင့်သန်ချဆေး တိုက်ကျွေးမှုကို မြို့ပေါ် ရပ်ကွက်များနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ယမန်နေ့မနက်(၁၀)နာရီက စ၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29958
Page
29959
Page
29960
Page
29961
Current page
29962
Page
29963
Page
29964
Page
29965
Page
29966
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department