အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့သည့်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု (၁၇၂၆) စုထံသို့ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာနိင်ငံ ဆန်စပါးအသင်းချုပ်မှ ပေးအပ်လှူဒါန်းထားသော ဆန်အိတ်(၂၆)အိတ်အား ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆန်အိတ်များအား လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ပြုလုပ်ခဲ့သည်။
Aug 17,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထား​သော "​အောင်ဖာပွန်" မြို့မလူငယ်အဖွဲ့သည် ယ​နေ့နံနက် (၇) နာရီအချိန်က ဖာပွန်မြို့တွင်းသို့ လှည့်လည်၍ ဖာပွန်မြို့၊ သမိုင်းဝင်​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီးတည်ရှိရာ ​ရွှေဆံ​တော်ဘုန်း​တော်ကြီး​ကျောင်းအတွက် ဝါတွင်းကာလဆွမ်းဆန်စိမ်းအလှူခံထွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချ​ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထား​​သောစုရပ်​နေရာများ၌ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
Aug 17,2020
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ဒေသခံပြည်သူများအား ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ယမနနေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ် ကန်မြဲကျေးရွာအုပ်စုသို့သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသည်။