အမြို့မြို့အနယ်နယ်သတင်းများ

Aug 16,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကော့ကရိတ် ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသော နိုင်ငံရေး ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော့ကရိတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စိစစ်ခဲ့ကြောင်း သိရသည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့် မူး ယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် မက်သဒုန်းဆေးခန်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စတင် ဖွင့်လှစ်၍ စီစဉ်ထား ကြောင်း သိရသည်။
Aug 16,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြစ်သားစိုက်ပျိုးရေးသုတေသနခြံတွင် ချည်မျှင်ရှည်ဝါ Germplasm မျိုး(၂၀၀) စုဆောင်းထားရှိပြီး ဝါမျိုးသစ်များရရှိရန် သုတေသနပြု ဆောင်ရွက်ထားကြောင်းသိရသည်။
Aug 16,2020
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ တောခလွန်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လူထုစုပေါင်းလျက် ရေထုတ်မြောင်းလမ်းများ လုပ်ငန်းဆောင်ရွက်ကြရာ
Aug 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နောင်တရားမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား
Aug 16,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ​ကျေးလက်​နေတိုင်းရင်းသားပြည်သူမဲဆန္ဒရှင် များမဲ​ပေးနိုင်ခွငိ့အခွင့်အ​ရေးများမဆုံးရူံး​စေရန်နှင့်နိုင်ငံသားစိစစ်​ရေး ကတ်ပြားများရရှိ​စေ​ရေးအတွက်လူဝင်မှု ကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် အိမိတိုင်ရာ​ရောက် ကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိရာ ယမန်​နေ့ နံနက်၁၀နာရီက ငပုအင်း​ကျေးရွာဘုန်း​​တော်ကြီး​ကျောင်း၌ ပြုလုပ်​ပေးခဲ့သည်။