အမြို့မြို့အနယ်နယ်သတင်းများ

Aug 16,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၁၁ နာရီက မြို့အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့် ကာလမှာ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် ကျိုက်ဒုံဒေသအတွင်းရှိ အိမ်ထောင်စု (၁၁၆၅) စု၊ စုစု​ပေါင်း​ငွေကျပ် (၂၃၃) သိန်းအား နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နောက်ထပ်တစ်ကြိမ် ထောက်ပံ့ခဲ့ပါသည်။
Aug 16,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယနေ့နံနက်ပိုင်း အချိန်က သင်္ဃန်းကျွန်းမြို့နယ်
Aug 16,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းအား ကျောင်းဆောင်အသစ် ဆောက်လုပ်ခြင်း(၇၅) ရာခိုင်နှူန်းပြီးစီးမှု အခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဌ ဦးဘိုးသန်းညွှန့်မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ က အဆိုကျေးရွာများ တွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 16,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်ငူခရိုင် ထန်းတပင် မြို့နယ် ရေကျော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 16,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့၊ မင်္ဂလာဒုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲကို ယနေ့ညနေ (၃) နာရီအချိန်က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။