အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် (၇) နာရီအချိန်က နှားခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလာနေသူများအား ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့်အသိပညာဗဟုသုတ
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးကော်မတီက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးဆိုင်ရာ လိုင်စင်များအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး၌ ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့ရိပ်သာ၌ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ သွားရောက်ကွင်းဆင်း ဆောင်ရွက်သည်။
Aug 14,2020
နွားထိုးကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာရုံးတွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်  စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ပူးပေါင်းဆောင်ရွက်မည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုကွင်းဆက်စီမံကိန်း (CFAVC) အား မိတ်ဆက်ခြင်းနှင့် ဒေသအတွင်းစားနပ်ရိက္ခာနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်အဖွဲ့များ တွေ့ဆုံဆွေးးနွေးပွဲကို ဩဂုတ် ၁၃ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Aug 14,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်ငါးနှစ်အောက်ကလေးများ အား ဗီတာမင်အေ အားဆေးတိုက်ကျွေးခြင်းကို ယမန်န့ နံနက် ၈ နာရီက မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်