Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တံခါးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တာအပ်ချုပ်သင်တန်းဖွင့်လှစ်
Aug 13,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံမော်တာ
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန် ဒီပလိုမာနှင့် လက်မှတ်ရသင်တန်း…
Aug 13,2020
တက္ကသိုလ်ဝင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလယ်ကူစွာရရှိစေရန် ရည်ရွယ်၍ တက်ရောက်သင်ကြားနိုင်သော ဒီပလိုမာသင်တန်းများနှင့် သက်မွေးဝမ်းကြောင်းလက်မှတ်ရ သင်တန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပညာမော်ကွန်း ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆ…
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေ မှုများကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ)ဒေါ်အိခင်ညို နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသမှ စာဖတ်သူများ စာပေဖတ်ရှုစေရေး စာအုပ်စာစောင်များဌားရမ်းပေးအပ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း ကွ…
Aug 13,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသမှ
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်အေဆေးလုံး တိုက်ကျွေး
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၁)ရပ်ကွက်၊ (၅၀)ရပ်ကွက်နှင့် (၄၁)ရပ်ကွက်တို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အနေဖြင့် ရပ်ကွက်များရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်၍ ဗီတာမင်အေ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ခြင်ထောင်ဆေးစိမ်ခြင်းလုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီကစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများသည် လှိုင်မြို့နယ်အမှတ်(၂)ရပ်ကွက်၊ ဦးစလမ်းတွင် မိုးရာသီသွေးလွန် တုပ်ကွေးရောဂါမှ ကာကွယ်ရန်အတွက် ခြင်ထောင်(၁၅)လုံးအား ဆေးစိမ်ခြင်း၊ အုတ်ရေကန်(၁၀)ကန်၊ ရေတိုင်ကီ(၄၀)လုံး၊ အိမ်ခြေ စုစုပေါင်း (၆၀)အိမ်တို့အား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများနှင့် ခြင်များ၊ ပိုးလောက်လမ်းများ မပေါက်ဖွားစေ ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းလုပ်ငန်းများအား ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော် မှ ထောက်ပံ့ငွေများပေးအပ်
Aug 13,2020
Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်း ကျပ်စီ ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇) ရပ်ကွက်တွင် အိမ်ထောင်စု (၁၀၃၅၄)စု မအား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်းသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းတာရိုးကျိုးကျမှုဖြစ်ပွားခဲ့ရာ ထိခိုက် ပျက်စီးသွားသော လယ်မြေများ၊ ချောင်းမြောင်းအားပြန်လည်ပြုပြင်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက ရာဇဂြိုဟ်ကျေးရွာ မင်းကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30032
Page
30033
Page
30034
Page
30035
Current page
30036
Page
30037
Page
30038
Page
30039
Page
30040
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department