Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Covid-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့၌ လုံးပတ် (၅) ပေခန့်ရှိသောသစ်ပင်မှ လျှပ်စစ်ဓါတ်ကြိုးပေါ်သို့လဲကျခဲ့သဖြင့် ဓါတ်တိုင် (၅) တိုင်ကျိုး
Aug 14,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က သံတောင်မြို့မှ ဘောဂလိမြို့သို့သွားသော ကားလမ်းမိုင်တိုင်အမှတ် (၁၃/၃) နှင့် (၁၃/၄) ကြား ကားလမ်းဘေးညာဘက်ခြမ်းတွင် လွန်ခဲ့သော (၂) ရက်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများစိုစွတ်ပျော့အိလာသဖြင့် လုံးပတ် (၅) ပေခန့်ရှိသော ညောင်ကုလားပင်မှာ ကားလမ်းပေါ်သို့လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဒေသဖွံ…
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးတို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 14,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားကွင်း ဧရိယာအတွင်းတွင် ကောင်းသစ်ဟိန်း ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် အလျား(၂၄၉)ပေ အနံ(၁၉၀)ပေ အမြင့်(၅၇)ပေရှိ ဖူဆယ်အားကစားရုံ (Multi Purpose) ဆောက်လုပ်နေမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေခွင့်ပြု ချက်ဖြင့် KSWA Co.Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် အလျားပေ(၁၀၀) အနံပေ(၃၀) RC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေ မှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဆောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် သံချဆေးတိုက်ကျွေး
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗိုလ်ထွန်းစံ ရပ်ကွက်ရှိ အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 14,2020
ပခုက္ကူမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ၌ ကိုဗစ်ကာလအတွင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချမှု ရှိ/မရှိတို့ကို ယနေ့ နံနက်ပိုင်းက ရှောင်တခင်လှည့် ကွင်း စစ်ဆေးဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ်ပြည်သူ့ဆေးရုံအတွက် Masks နှင့် Hand Gel များလှူဒါန်း
Aug 14,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပြည်သူ့ဆေးရုံအတွက် Marks နှင့် Hand Gel များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30053
Page
30054
Page
30055
Page
30056
Current page
30057
Page
30058
Page
30059
Page
30060
Page
30061
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department